ရန်ကုန် မေ ၉
သန်လျင်မြို့နယ်တွင် သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်အချိန်ခန့်က သန်လျင်မြို့နယ် အ.ထ.က (၃) ကျောင်းခန်းမဆောင်၌ ကျင်းပသည်။
အစီအစဥ်အရ သန်လျင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်နိုင်က သစ်တောသစ်ပင်နှင်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့်ပက်သက်၍ အသိပညာပေးဟောပြောပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်းက ဂေဟစနစ်များထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောကြသည်။
ထို့နောက် သစ်တောဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်သို့ အသိပညာပေးစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ဆရာမဒေါ်ကြည်ကြည်က လက်ခံရယူသည်။
ယင်းနောက် သန်လျင်မြို့နယ် သစ်တောဦးစီးဌာနက ကျောင်းဝင်းအတွင်း လက်တွေ့သရုပ်ပြ သစ်ပင်များစိုက်ပျိုးပေးပြီး ကျောင်းသား၊ကျောင်းသူများအား စနစ်တကျသစ်ပင်စိုက်ပျိုးပုံကို ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်၊ပြန်/ဆက်)