ဘောဂလိမြို့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ဘောဂလိ  နိုဝင်ဘာ   ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို  ယနေ့နံနက်  (၆)နာရီတွင် စတင်ဆောင်ရွက်လျက်ရှိရာ  မဲဆန္ဒရှင်ပြည်သူများ က  သက်ဆိုင်ရာ မဲရုံအသီးသီး၌  လွတ်လပ်စွာ  ဆန္ဒမဲများ  လာရောက်ပေးကြောင်းသိရှိရသည်။

ဘောဂလိမြို့ပေါ်တွင်  မဲရုံပေါင်း(၉)ရုံရှိရာ  အဆိုပါမဲရုံ(၉)ရုံ၌  မဲဆန္ဒရှင်ပြည်သူများသည်  ရပ်ကွက်/ကျေးရွာ များရှိ   သက်ဆိုင်ရာမဲရုံအသီးသီး၌  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး  လမ်းညွှန်ချက်များနှင့်အညီ   မဲပေးနိုင်ရေးကို  လာရောက်တန်းစီ၍  တည်ငြိမ်အေးချမ်း လွတ်လပ်စွာ  ဆန္ဒပြုလျက် ရှိကြသည်။

မဲရုံများတွင်  အေးချမ်းစွာဆန္ဒမဲပေးနေမှုများကို  သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်များက  လေ့လာ စောင့်ကြည့် လျက်ရှိရာ   မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊  မဲရုံအဖွဲ့ဝင်များနှင့်လုံခြုံရေး ကော်မတီဝင်များကလည်း   မိမိတို့ကျရာအခန်းကဏ္ဍများကို   အမှားအယွင်းမရှိအောင်  ဆောင်ရွက်ထားကြောင်း  သိရှိရသည်။

ဘောဂလိ(ပြန်/ဆက်)