၂၀၂၄-၂၀၂၅ ခုနှစ်၊ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည် မေ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (၂၀၂၄-၂၀၂၅) ခုနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ပြည်မြို့နယ်အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုလဲသီတာခန်းမ၌ ယမန်‌နေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့​နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက စီမံကိန်းတာဝန်များကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် စီမံကိန်းရည်မှန်းချက် တာဝန်များဖြစ်သော ဒေသန္တရရည်မှန်းချက် တာဝန်များအား မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက လယ်ယာကဏ္ဍကြီးကိုယ်စား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးကိုယ်စား မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ နယ်လျှပ်စစ်အင်ဂျင်နီယာအားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးကိုယ်စား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန်နေဂျာအားလည်း​ကောင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း ရည်မှန်းချက်တာဝန်များကို မြို့နယ်အဆင့်ဌာနဆိုင်ရာများကိုယ်စား မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)