သဲကုန်းမြို့နယ်၌ (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

သဲကုန်း မေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ (၂၀၂၄–၂၀၂၅) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးသိန်းဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့​ကြသည်။

အခမ်းအနားတွင် စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးက (၂၀၂၄–၂၀၂၅) ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက်များအား တာဝန်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိမြို့၊ ရွာများဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုစီးပွားရေး ကဏ္ဍအလိုက်၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်စေရန်၊ စီမံကိန်းလုပ်ငန်းများအားက အချိန်ကာလတစ်ခုအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ကြရန်၊ ပြည့်သူ့ဘဏ္ဍာငွေများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရန်၊ နိုင်ငံတစ်ကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းအား သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီအောင် မြို့နယ်တည်ကော်များ အနေဖြင့်ကြီးကြပ်ဆောင်ရွက်ရန်နှင့် စီမံကိန်းအလိုက်၊ ကဏ္ဍအလိုက် လုပ်ဆောင်ရမည့် ရည်မှန်းချက်တာဝန်များအား အသေးစိတ်တင်ပြရန် အဖွင့်အမှာစကားပြောကြာခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးသိန်းဇော်က (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ၏ ကဏ္ဍာများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဥ်ထွေးမှ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

ကိုကျော်(ပြန်/ ဆက်)