ရေကြည် မေ ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မေလ ၇ ရက်နေ့ နံနက်ပိုင်းက အသုတ်မြို့၊ အမှတ်(၁)၊ (၂)ရပ်ကွက်များသို့ သွားရောက်၍ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်နှင့် ပက်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား ရပ်ကွက်နေပြည်သူများအား သိရှိနိုင်စေရန်အတွက် လိုက်လံနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ခြင်းဖြင့် မြို့နေပြည်သူများ သဘာဝဘေးအန္တရာယ်များဖြစ်သော (မီးဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး) စသည့်တို့ ကျရာက်လာပါက ဆောင်ရန်/ ရှောင်ရန်များကို အဆိုပါလက်ကမ်းစာစောင်များတွင် ပြသခြင်း၊ ဖြန့်ဝေခြင်းဖြင့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)