တောင်တွင်းကြီး မေ ၉
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေရးဦးစီးဌာနရုံးရှေ့တွင် မြေစိုက်နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် နွေရာသီကာလတွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ သိရှိနားလည်နိုင်စေရန် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်များတွင် ကလေးအလုပ်သမားအခွင့်ရေးဆိုင်ရာဥပဒေများ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန် ခိုင်းစေခြင်း၊ ဘေးအန္တရာယ်ရှိသော အလုပ်ကိုဖြစ်စေ၊ ကျန်းမာရေးထိခိုက်စေသော အလုပ်ကိုဖြစ်စေ ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ရန်ခွင့်ပြုခြင်း၊ အဓ္မ္မအလုပ်ခိုင်းစေခြင်း သို့မဟုတ် အဓမ္မဝန်ဆောင်မှုပေးစေခြင်း၊ ပညာသင်ကြားခွင့်၊ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပူပေါင်းပါဝင်ခွင့် စသည့် အကြောင်းအရာများနှင့် ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်၊ အပူဒဏ်ကြောင့် သတိလစ်မေ့မျောခြင်း၊ အပူဒဏ်အန္တရာယ်ရှောင်ကြဥ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများနှင့် အပူရှိန်မြင့်မားသည့်အချိန်တွင် အပြင်မထွက်ပါနှင့် စသည့်အကြောင်းအရာများကို ရုပ်ပြစာစောင်များဖြင့် ပြသထားရှိရာ ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များ၊ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)