ဝါးခယ်မမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးများ စုပေါင်းကြဲပက်

ဝါးခယ်မ မေ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာတွင် ယမန်နေ့  နံနက် (၈) နာရီခွဲအချိန်က မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးများ စုပေါင်းကြဲပက်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ ကဝဲညောင်‌ချောင်းကျေးရွာ၊ တောင်သူဦး‌အောင်ကြိုင်၏ လယ်မြေတွင် ဝါးခယ်မ-သရွတ်မြိုက်လမ်းဘေးဝဲယာရှိတောင်သူများ၊ အုပ်ချုပ်‌ရေးမှူးများ၊ စိုက်ပျိုးရေးဝန်ထမ်းများအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးကော်မတီ အဖွဲ့ဝင်များတွေ့ဆုံ၍ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံ‌လျှော်မျိုးခံစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်စေရေး၊ မိုးစပါးကြဲခင်းများပပျောက်ရေး ဆွေးနွေးပြောကြားခဲ့ပြီး ပိုက်ဆံလျှော်မျိုးများ‌ပေးအပ်ကာ တောင်သူဦးအောင်ကြိုင် ကွင်းအမှတ်-(၉၄၃)၊ ဦးပိုင်အမှတ်-၁၂/၁ လယ်‌မြေ(၅)ဧကတွင် တစ်ဧက(၁၀)တင်းနှုန်း တိုးတက်ရေး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးများ စုပေါင်းကြဲပက်ခဲ့‌ကြ‌ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)