အုတ်ဖို နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်တွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပလျှက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲ ပေးလျှက်ရှိကြောင်းသိရသည်။
အုတ်ဖိုမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု(၆၃)အုပ်စုတွင် မဲရုံပေါင်း (၁၂၆) ရုံရှိပြီး ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ(၁၀၄၁၂၇)ဦးရှိရာ လွတ်လပ်စွာဆန္ဒမဲပေးလျှက်ရှိသည်။ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်နှင့် အညီ အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်များထားရှိပေးခြင်း၊ နှာခေါင်းစည်းနှင့် လက်အိပ်များ စနစ်တကျ လဲလှယ်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
အောင်သူ ( အုတ်ဖို)