တောင်တွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ(ရခိုင်)စေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် စျေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

တောင်တွင်းကြီး မေ ၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်းတွင်းကြီးမြို့နယ် ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ(ရခိုင်)စေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲနှင့် စျေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၊ ရွှေကြာအင်း()ရပ်ကွက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသော  ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ(ရခိုင်)စေတီတော်မြတ်ကြီးကို နှစ်စဥ်ကျင်းပမြဲဖြစ်သော ကဆုန်ညောင်ရေသွန်းပွဲကို မေလ ၂၁ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ()ရက်တိုင်တိုင် နယ်လှည့်စျေးသည်များ၊ ကလေးကစားကွင်းများဖြင့် စျေးရောင်းပွဲတော်ကို ယခင်နှစ်များကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာထိန်းဂေါပကထံမှ သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)