ကော့သောင်းမြို့တွင် မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

ကော့သောင်း   မေ   ၈

၂၀၂၄ ခုနှစ်၊ မေလ  ၈  ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့်   ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့က ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသွေးလှုဒါန်းခြင်း ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့(အုပ်ချုပ်ရေးအဖွဲ့) မှ  ခရိုင်တပ်ဖွဲ့မှုး ဦးကိုကိုကြီး ဦးဆောင်သော တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား အလှူရှင်မိသားစုမှ ခွန်အားဖြည့်အချိုရည်နှင့် ကြက်ဥများ လာရောက်ထောက်ပံ့ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)