လောင်းလုံး မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်လုံးမြို့နယ်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားရာ၌ လောင်းလုံးမြို့နယ်အတွင်းရှိ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို လိုအပ်သလိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်၊ ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် လိုအပ်သည့် စာရင်းဇယားများကို တောင်းခံပါက တာဝန်ကျေအောင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဌာနအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကို အောင်မြင်အောင် ပူးပေါင်းဆောင်ကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့၏လုပ်ငန်းများကို အသီးသီးတင်ပြဆွေးနွေးကာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်းပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)