ပြည် မေ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် "ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်ကွန်ပျူတာပန်းချီပြိုင်ပွဲအခမ်အနား"ကို ယနေ့နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(ပြည်)၌ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲများ၌ ပြည်ခရိုင်အတွင်း မြို့နယ်များရှိအခြေခံပညာကျောင်များမှ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၁၀၇) ဦး ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ကွန်ပျူတာပန်ချီပြိုင်ပွဲတွင်(၄) ဦး၊ ပန်းချီပြိုင်ပွဲတွင်(၆၈) ဦး၊ ကာတွန်းပြိုင်ပွဲတွင်(၈) ဦးနှင့် ပိုစတာပြိုင်ပွဲတွင် (၂၇) ဦး ပါဝင်ယှဥ်ပြိုင်ကြခြင်းဖြစ်သည်။
ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများ၏ ပါဝင်ယှဥ်ပြိုင်နေမှုအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလာရောက် ကြည်ရှုအားပေးကြသည်။ အဆိုပါ ပြိုင်ပွဲအသီးသီးမှကဏ္ဍအလိုက်ဆုရရှိသူများ၏ လက်ရာမွန်များကို ပဲခူးတိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဥ်ပြိုင်မည်ဖြစ်ပြီး ဆုရကျောင်းသား၊ကျောင်သူများကို ယခုနှစ် ဇွန်လ(၂၆) ရက်နေ့တွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့်အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)