ပဲခူး မေ ၈
ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေးထောက်ပံ့ခဲ့သည်။
အဆိုပါ သွေးလှူဒါန်းသည့် တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့အား ထောက်ပံ့ငွေ၊ ဆန်၊ ဆီ၊ ကြက်ဥ၊ အချိုရည်၊ အားဆေး၊ ဓာတ်ဆားထုပ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံတက်လူနာစောင့်များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကာ လူနာစောင့်များအတွက် နေ့လည်စာထမင်းဘူးများ ပေးအပ်လှူဒါန်းခဲ့ကာ ခရိုင်အဆင့် ဆေးရုံကြီးများတွင် လူနာစောင့်များအတွက် အထူးသက်သာသောနှုန်းထားဖြင့် ထမင်းနှင့်စားသောက်ဖွယ်ရာများ ရောင်းချနိုင်ရေးလိုအပ်သည်များ ထောက်ပံ့ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)