ကျောက်ကြီးမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပ

ကျောက်ကြီး မေလ ၈

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များဦးဆောင်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြက်ခြေနီ ဖြစ်ပေါ်လာပုံအကြောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံအကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးနှင့် ဒုတိယ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူးတို့က အ.ထ.က(ခွဲ) ပဲခူးရပ်ကျောင်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် မိုးကာအင်္ကျီများအား ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုနောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွဋ်အေးက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းပြောကြားပြီး အခမ်းအနားအားရုပ်သိမ်းကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ခင်းကျင်းပြသထားသည့် ကယ်ဆယ်ထောက်ပံ့ပစ္စည်းများနှင့် အောက်စီဂျင်စက်ရုံအား အခမ်းအနားသို့ တက်ရောက်လာသော အ.ထ.က (ခွဲ) ပဲခူးရပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)