သာပေါင်း မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။
ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် သင်တန်းနည်းပြ ဆရာမဒေါ်ငြိမ်းငြိမ်းစိုးက တတ်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသာသူတို့အား ဆပ်ပြာဆီဖော်စပ်နည်း အဆင့်ဆင့် စနစ်တကျ စာတွေ့၊ လက်တွေ့ သင်ကြားပေးပြီး သင်တန်းသား၊ သင်တန်းသူတို့က လက်တွေ့ ဖော်စပ်လုပ်ဆောင်ရွက်ခဲ့ကြသည်။
ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို အမျိုးသမီးများအနေဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်၍ မိသားစုဝင်ငွေရရှိစေရန်၊ မိမိတို့ကိုယ်တိုင်ပြုလုပ်သုံးစွဲပါက ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းကို မေလ ၇ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီ အထိ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးတို့အား (၂)ရက်တာ သင်တန်းဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း ပြန်/ဆက်