စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် FTTH ကေဘယ်လ်နှင့် တယ်လီဖုန်းကေဘယ်လ်ကြိုးများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ မေ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် FTTH ကေဘယ်လ်နှင့် တယ်လီဖုန်းကေဘယ်လ်ကြိုးများ ပြုပြင်မွန်းမံခြင်းလုပ်ငန်း ဆောင်ရွက်ရန် လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် FTTH ကေဘယ်လ်နှင့် တယ်လီဖုန်းကေဘယ်လ်ကြိုး များ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်သွားရေးနှင့် ပတ်သက်၍ အမှာစကားပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တိုင်းဒေသကြီး မန်နေဂျာမှ တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူးမှ မုံရွာမြို့အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုများအားလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။     

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များက မုံရွာမြို့အတွင်း မိမိတို့ဆောင်ရွက်နေသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် FTTH ကေဘယ်လ်နှင့် တယ်လီဖုန်း ကေဘယ်လ်ကြိုးများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)