တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်ဘာသာစကားသင်တန်း အခမဲ့ဖွင့်လှစ်

တောင်ငူ မေ ၇

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း၊ ကျောင်းသား၊ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်နှင့် အသိပညာအတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံအင်္ဂလိပ်ဘာသာစကားသင်တန်း(အခမဲ့)ကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေမိုးနှင့် သင်တန်းနည်းပြဆရာဦးသန့်စင်(Volunteer)တို့က သင်တန်းသား၊သင်တန်းသူများအား သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းအား ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာဦးသန့်စင် (Volunteer)က အခြေခံအင်္ဂလိပ်ဘာသာစကား (Speaking) ကို မေ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိအခမဲ့ဖွင့် လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)