ပန်းတောင်း မေ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဥသျှစ်ပင်မြို့၊ ကျောက်ဖူးကျေးရွာအုပ်စု၊ ပြင်သာလမ်းရှိ Rubyland ကျောက်ကွက်တွင် ယမန်နေ့မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ထင်းမီးဖိုထမင်းချက်နေစဥ် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
၎င်းမီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြှိမ်းခဲ့ပြီး မီးလောင်မှုကြောင့် ကျောက်ကွက်အတွင်းရှိ အလုပ်သမားတန်းလျား မီးဖိုချောင် ၄ ပင်၊ ၃ ပင် သွပ်မိုး၊ ထရံကာ၊ တစ်ထပ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
လပြည့်လင်း(ပြန်/ဆက်)