ပန်းတောင်း မေ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၄၁) ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ကဏ္ဍအလိုက်သက်ဆိုင်ရာ စီမံကိန်းရည်မှန်းချက်တာဝန်များကို ပြည့်မီအောင်ဆောင်ရွက်ကြရန်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်မိမိမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) ဦးကျော်ဝင်းနှင့် တာဝန်ရှိသူတို့မှ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများအား စီမံကိန်းရည်မှန်းချက်တာဝန်များကို ကဏ္ဍအလိုက်ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)