ပိုင်ကျုံ မေ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှအသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်-အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက်၊ ဂျိုက်သိုးရောဂါစသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးသည့်အပြင် ကိုယ်ဝန်ဆောင်မိခင်များတို့၏ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်လုပ်ငန်းကို လစဉ် ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ထိုးနှံပေးလျက်ရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)