သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းခန်းမတွင် စကောကရင်စာပေသင်တန်းဖွင့်လှစ်

သံတောင်ကြီး မေ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်လူမျိုးအများစုနေထိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏ဘာသာစကားနှင့်စာပေကိုတန်ဖိုးထားတတ်စေရန်၊ ရိုးရာယဉ်ကျေးမှုများထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ စကောကရင်စာပေသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းခန်းမတွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ ဆရာတော်များ၊ ဆရာ/ဆရာမများကဦးဆောင်၍ စကောကရင်စာပေ သင်ကြားတတ်မြောက်ထားသည့် ဆရာ/ဆရာမများက သင်ကြားပေးပြီး ကျောင်းနေအရွယ်ကလေးသူငယ်(၉၀)ဦး တက်ရောက်ကာ သင်တန်းဆရာ/ဆရာမ(၅)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေ(၁)ရက်နေ့မှ (၁၁)ရက်အထိ (၁၂)ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ