ဒိုက်ဦးမြို့နယ်၌ နိုင်ငံဂုဏ်ဆောင် သက်ငယ်တန်းစားပွဲတင်တင်းနစ် အားကစားသမားတစ်ဦး ရွေးချယ်ခံရ

ဒိုက်ဦး မေ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အ-လ-က(ခွဲ) အမှတ်(၁) ကျောင်းတွင် ပညာသင်ကြားနေသော မယွန်းပန်းချီသည် ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသောသက်ငယ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ရွေးချယ်ခံရခြင်းဖြစ်‌ကြောင်း သိရသည်။

YTTC စားပွဲတင်တင်းနစ်ကလပ်မှ မယွန်းပန်းချီသည် ၂၀၂၄ ခုနှစ် ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့်၊ အာရှသက်ငယ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ၊ ရွေးချယ်ခံရပါကြောင်းနှင့်ရွေးချယ်ရမှုနှင့်ပတ်သက်၍ မိဘများအနေဖြင့်လည်းကောင်း၊ ဒိုက်ဦးမြို့အနေဖြင့်လည်းကောင်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဦးနေလင်းဦးကပြောကြားခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)