တွန်းဇံမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

တွန်းဇံ မေ ၆

ချင်းပြည်နယ် တွန်းဇံမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြား ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်  ဒေသန္တရစီမံကိန်း ရည်မှန်းချက်များဖြစ်သော စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ သတ္ထုကဏ္ဍ၊ မြန်မာ့စီးပွားရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍများအား သက်ဆိုင်ရာဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်း‌အောင်နှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါ တွန်းဇံမြို့နယ်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း (၃၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)