စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၄) ဖွင့်လှစ်

စစ်ကိုင်း မေ ၆

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်၊ လူရွယ်များ ဖြစ်လာစေရန် အခြေခံကွန်ပျူတာ သင်တန်း (၃/၂၀၂ ၄) ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က ကွန်ပျူတာပညာရပ်များကို အခြေခံမှစ၍ သိရှိနားလည်ပြီး ကျွမ်းကျင်တဲ့ ကွန်ပျူတာ ပညာရှင်များဖြစ်အောင် လေ့လာမှတ်သားသွားကြဖို့လိုကြောင်း၊ သင်တန်းမှပိုချပေးတဲ့ ပညာရပ်တွေကို ကြိုစားသင်ယူကြရင်း သင်တန်းစည်းမျဉ်း၊ စည်ကမ်းများကိုလည်း လိုက်နာပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ကြပါလို့ မှာကြားလိုကြောင်း၊ မိမိတို့တစ်တွေ လုပ်ငန်းခွင်များ ဝင်ရောက်ကြတဲ့အခါမှာ ကွန်ပျူတာပညာရပ်ဟာ အလွန်အင်မတန်မှ အရေးကြီးကြောင်း၊ လုပ်ငန်း များအချိန်နှင့်တစ်ပြေးညီ အမြန်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းသို့ ကျောင်းသား/ကျောင်းသူ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို (၁)လကြာလက်တွေ့သင်ကြား ပြသပေးသွားမည်ဖြစ် ကြောင်း သိရသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် စာအုပ်များအခမဲ့ငှားရမ်းခြင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအား အခြေခံကွန်ပျူတာနှင့် ပန်းချီသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အခါအားလျှော်စွာ အသိပညာပေး Talk Show များ ပြုလုပ်ခြင်းတို့ကို စည်ဆက်မပြတ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်