ကျောင်းကုန်း မေ ၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 10, အ.ထ.က(၂)မှ နှစ်ထပ်ကွမ်း လူရည်ချွန် မကောင်းဆုဟံသာအား ဂုဏ်ပြုချီးမြှင့်ပွဲကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပညာရေးမှူးရုံးရှိ မြတ်ပညာခန်းမ၌ ယနေ့နံက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ချီးမြှောက်ထိုက်သူကို ချီးမြှောက်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က လူရည်ချွန်တစ်ဦးဖြစ်ဖို့ရာ ကျောင်းစာတော် ရုံတင်မက ဖြတ်ထိုးဉာဏ်ကောင်းရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့နယ်ပညာရေးမှူး (ငြိမ်း)ဒေါ်စန်းစန်းက ပညာရေးငွေပဒေသာပင် ဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နှစ်ထပ်ကွမ်း လူရည်ချွန် မကောင်းဆုဟံသာ၏ လူရည်ချွန်လေ့လာရေးခရီးစဉ်အား Power Point ဖြင့်ပြသခဲ့ပြီး၊ နှစ်ထပ်ကွမ်း လူရည်ချွန် မကောင်းဆုဟံသာ မှလူရည်ချွန်ခရီးစဥ်နှင့် ပတ်သက်၍ အတွေ့အကြုံများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်တို့က ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပြီး၊ အဖွဲ့ဝင်(၂)ဦးတင်မောင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့် တို့ကလည်းကောင်း၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ လည်းကောင်း၊ ကံ့ကော်မြိုင်၊ ဘဝရှေ့ဆောင်နှင့် မြတ်ပညာတံခွန် ကိုယ်ပိုင်ကျောင်းများမှ လည်းကောင်း၊ (ရာသက်ပန်)ပညာရေးငွေပဒေသာပင်မှလည်းကောင်း၊ ဂုဏ်ပြုဆုငွေ စုစုပေါင်းငွေကျပ်(၂၁)သိန်းကျော် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)