ရေဖြူ မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာစာရေးသားနည်းသင်တန်းကို ယနေ့နံနက် (၈) နာရီအချိန်က ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က မြန်မာစာ၊ မြန်မာစကားနှင့်ပတ်သက်၍ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်တန်းအား ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းကို မေလ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ရေဖြူမြို့ အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၈)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခတ္တာ