ကြံခင်း မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၄-ခုနှစ် ၊ မေလ (၅) ရက်နေ့တွင်ကျရောက်သည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နေ့ နံနက် (၅) နာရီခွဲအချိန်က ဆရာတော်သံဃာတော်များကို အရုဏ်ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးအရာရှိဦးကိုကိုနိုင်ဦးဆောင်သော မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များမှ "နမောတဿ" (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီးနောက် ဓမ္မစင်္ကြာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအိန္ဒြာစက္ကထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားတော်များနာယူကြပါသည်။
ထိုနောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များအား လှုဖွယ်ဝထ္ထူအစုစုတို့ကို ဆက်ကပ်ပူဇော်လှုဒါန်းခဲ့ပြီးနောက် လှုဒါန်းမှုအတွက်ရေစက်သွန်းချ အမျှပေးဝေကြကာ "ဗုဒ္ဓသာသနံစိရံတိဌတု"(၃) ကြိမ်ရွတ်ဆိုပြီးမြောက်ခဲ့ပါသည်။
ယင်းနောက်ဆရာတော်သံဃာတော်များကို အရုဏ်ဆွမ်း ဆက်ကပ်လှုဒါန်းခဲ့ကြကြောင်းနှင့် ကြွရောက်လာကြသော ဌာနဆိုင်ရာဧည့်ပရိသတ်များအားမုန့်များဖြင့် ကျွေးမွေးဧည့်ခံကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)