ကျွန်းစု မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သိုးမွှေးထိုးနည်းသင်တန်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာကြည့်တိုက်သို့လာရောက်၍ မိမိတို့ဝါသနာပါသည့်အကြောင်းအရာများကို လေ့လာဆောင်ရွက်တတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန်” ရည်ရွယ် ၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။
သင်တန်းတွင် သိုးမွှေးအခြေခံထိုးနည်းအမျိုးမျိုး၊ ခေါင်းစည်းကွင်း၊ လက်ကိုင်အိတ်၊ လက်ကိုင်ပုဝါနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့အား သင်ကြားပေးသွားမည်ဖြစ်ပြီး မေလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်များရှိ စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး တက်ရောက်လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)