သာပေါင်း မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်စာသင်ဝိုင်းများ၏ သင်ကြားနေမှုအခြေအနေများအား မေလ ၅ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကညင်ပင်ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာ၊ မူကြိုကျောင်းတွင် စာသင်ဝိုင်းသင်ကြားနေမှုအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များက သွားရောက်၍ စာသင်သားများ သင်ယူနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုပြီး အရေး၊အဖတ်၊အတွက်တတ်မြောက်စေရေးကြိုးစား သင်ကြားပေးရန်၊သင်ကြားမှုကာလပြီးစီးပါက တတ်မြောက်မှုစစ်ဆေးဆောင်ရွက်ရန်နှင့်လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် အားပေးခဲ့ကြသည်။
သာပေါင်းမြို့နယ်အတွင်းရှိ စာသင်ဝိုင်းများကို အခြေခံပညာကျောင်းများတွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် စာရင်းရှိစာသင်သားပေါင်း (၆၇၉) ဦးရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရှင်ထုတ်ဝေသော အခြေခံစာတတ်မြောက်ရေးအတွက် အခြေခံ (မြန်မာစာ) ဘာသာရပ်နှင့် အခြေခံ (သင်္ချာ) ဘာသာရပ်များကို သင်တန်းကြီးကြပ်ဆရာ (၆) ဦး၊ နည်းပြဆရာ (၅၆) ဦးက စာသင်ဝိုင်း (၅၆) ဖြင့် စာသင်သား(၆၇၉)ဦး တက်ရောက်သင်ယူလျက်ရှိပြီး တစ်ရက် (၃) နာရီဖြင့် နာရီပေါင်း (၁၂၀) ၊ ရက်ပေါင်း(၄၀)ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)