ပခုက္ကူ မေ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယနေ့နံနက် (၉) နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၈) သင်တန်း ဖွင့်ပွဲကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်း သမိုင်းကျဉ်း၊ ဖွင့်လှစ်ပြီးသည့် သင်တန်းအမျိုးအစား၊ အကြိမ်ရေများ၊ သင်တန်းကာလအတွင်း သင်ကြားပို့ချပေးမည့် ဘာသာရပ်များ၊ သင်တန်းစည်းမျဉ်း စည်းကမ်းများအကြောင်းတို့ကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၈) သင်တန်းသူများအား အားပေးစကားပြောကြပြီး ကာလအတွင်းသင်ကြားပို့ချပေးမည့် စက်ချုပ်ပညာဆိုင်ရာ အသုံးအဆောင်ပစ္စည်း ခင်းကျင်းပြသထားမှုအခြေအနေတို့ကို ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၃၀) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)