အုတ်ဖို မေ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် တင်းကုတ်ကြီးကျေးရွာအုပ်စုနှင့် အိုးသည်ကုန်းမြို့၊ ရွာသစ်ရပ်ကွက်တွင် မေလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် အမိုးလန်ပြိုလဲ လူနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ထောက်ပံ့ငွေနှင့်ပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဘေးသင့်အမိုးလန်ပျက်စီး နေအိမ် (၇) လုံးနှင့် ပြိုလဲနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၈၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၉) စုရှိလူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၀၉၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၄၀၉၀၀) ကျပ်နှင့် အိမ်ထောင်စုတစ် ၂ စုအတွက် ကျားလုံချည်၊ မလုံချည်၊ တီရှပ်၊ နှစ်ယောက်အိပ်ခြင်ထောင်၊ ဒန်အိုးအပါအဝင်စသည့်ပစ္စည်း (၁၆) မျိုးနှင့် စက္ကူကတ္ထူပုံး (၁) ပုံးစီပါဝင်သည့် ပလပ်စတစ်ပုံး (၂) ပုံးတို့အား လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ