ပိုင်ကျုံ မေ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီး ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် အခြားလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့်ကို ယ်ဝန်ဆောင်မိခင်များတို့၏ ကျန်းမာရေးစောင့်ရှောက်လုပ်ငန်းကို လစဉ် ၆ ရက်နေ့နှင့် ၇ ရက်နေ့တွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)