ဖြူးမြို့နယ်တွင် (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုများပြုလုပ်

ဖြူး မေ ၆

(၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ စေတီပုထိုးများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ သံဃာတော်များနှင့် ဖြူးဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ပူဇော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိ ဦးချမ်းဟိန်းလင်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များသည် ဖြူးမြို့နယ်၊ သိရီမင်္ဂလာရွှေကျင်တောင် ပရိယတ္တိစာသင်တိုက်အတွင်းရှိ မဟာပုညမုနိသမိုင်းဝင် စေတီတော်မြတ်ကြီးနှင့် အောင်ဗောဓိဘုရားပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်၍ ပန်းရေချမ်းကပ်လှူခြင်း၊ ကျောင်းတိုက်ရှိ ဆရာတော်/သံဃာတော် အပါး (၂၀၀) အားနေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဖြူးဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ရိုသေလေးမြတ်စွာ ပူဇော်ကန်တော့၍ အဘိုး (၉) ဦး၊ အဘွား (၃၁) ဦး စုစုပေါင်း (၄၀) ဦးအတွက် နံနက်စာကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)