သံတောင်ကြီးမြို့တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်မွေးမြူခြင်း လုပ်ကိုင်

သံတောင်ကြီး မေ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးကြသော်လည်း မိသားစု အပိုဝင်ငွေ ရရှိစေရန် အိမ်မှုကိစ္စ တာဝန်ယူဆောင်ရွက်နေသည့် အမျိုးသမီးများက တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို တစ်ပိုင်တစ်နိုင် မွေးမြူကြကြောင်း သိရသည်။ 

ဒေသဝက်များကို အိမ်တွင်နေခြင်းဖြင့် အပိုဝင်ငွေ ရရှိစေရန်အတွက် မွေးမြူခြင်းဖြစ်ကြောင်း၊ ဝက်မ () ကောင်ရှိလျှင် သားပေါက်ပါက အနည်းဆုံး (၁၅)ကောင် မွေးသည့် အတွက် တစ်နှစ်လျှင် ဝက်များမှရသော အမြတ်ငွေမှာ (၁၀) သိန်းခန့် ရရှိကြောင်း၊ ဝက်သားပေါက် (၄၅) ရက်ပြည့်လျှင် ရောင်းချပြီး တစ်ကောင်ကို ကျပ် (၁၅၀၀၀၀) ခန့် ရရှိကြောင်း၊ ဝက်သားပေါက်တစ်ကောင် မွေးမြူပါက တစ်နှစ်လျှင် အချိန် (၅၀) ပိဿာမှ (၆၀) ပိဿာအထိ ထွက်ရှိပြီး ဝက်သားတစ်ပိဿာကို ကျပ် (၁၅၀၀၀) အထိ ရရှိသည့် အတွက် မိသားစု အပိုဝင်ငွေ ရရှိကြောင်း တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် ဝက်မွေးမြူခြင်း လုပ်ကိုင်နေသော ဒေါ်နော်အယ်ဝါးထံက သိရသည်။

နော်နော်မူ