လိပ်သို မေ ၆
ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ပူပြင်းသောနွေရာသီတွင် အပူဒဏ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်ပတ်သက်၍ သိရှိစေရန်အတွက် ယနေ့နံနက်၉နာရီက အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်း၊ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းလျခြင်းလက္ခဏာများ၊ အပူဒဏ်အန္တရာယ် ခံစားရသောလူနာအား အရေးပေါ်ရှေးဦးပြုစုရမည့် နည်းလမ်းများနှင့် အပူဒဏ်အန္တရာယ်မှရှောင်ရန်၊ ဆောင်ရန်အချက်များ စသည့် အသိပညာပေးအကြောင်းအရာများပါဝင်ပြီး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ဒေသနေပြည်သူများနှင့် ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှ မှတ်သားခဲ့ကြကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ဒေသနေပြည်သူများ လေ့လာကြည့်ရှုမှတ်သားနိုင်ရန် အသိပညာပေးနံရံကပ်စာစောင်များကို အပတ်စဉ် လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)