နတ်မောက် မေ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း၌ ဆီးထွက်သီးနှံနေကြာများ စိုက်ပျိုးထားရှိရာ ယခုအခါ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာအထွက်နှုန်းတိုးတက်စေရေးအတွက် ရေဆင်း (၁) မျိုးနေကြာ၊ ဆင်းရွှေကြာ နေကြာမျိုးများကို စိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်း တိုးတက်စေရေး မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန်လိုက်နာစေရေးဆောင်ရွက်ပေးမှုတို့ကြောင့် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာန ဦးစီးအရာရှိထံ သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွှတ်သည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်၍ စားသုံးသူများပြားလာပြီး ဒေသတွင်း၌ ကြိတ်ခွဲထုတ်လုပ်ရောင်းချကြရာ နေကြာစိုက်တောင်သူများအနေဖြင့် အကျိုးအမြတ်များစွာရရှိသည့်အတွက် နေကြာကို ပိုမိုစိုက်ပျိုးလျက်ရှိပြီး နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မူမူစန်း