မုံရွာ မေ ၅
(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို မေလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှပေးပို့လာသည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအားဖတ်ကြားပြီး မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ပထမဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များအား ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ်ဦးဇော်ထူးက တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် ဒုတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးသန်းထွဋ်ဦးက တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အခမ်အနားသို့ တက်ရောက်လာသူများက(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။’
ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ခန်းမအတွင်းခင်းကျင်းပြသထားသော ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ မီးငြှိမ်းသတ်ရေးကိရိယာများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများနှင့် မီးလောင်မှုဖြစ်ပွားမှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)