ဘုတ်ပြင်းမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

ဘုတ်ပြင်း   မေ  

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့  မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမီးသတ်ဖွဲ့နေ့မိန့်ခွန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအောင်ဝင်းက ပြောကြားသည်။ ဆက်လက်၍ အရန်မီးသတ်လုပ်သက်(၂၅)နှစ်ပြည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယူနီဖောင်းပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးပေးအပ်ခဲ့ပြီး သွေးလှူဒါန်းမှုအကြိမ်ရေအများဆုံးလှူဒါန်းခဲ့သည့် ဒုတပ်ကြပ်မြင့်စိုးအား မြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းမင်းစိုးက ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် ရှာဖွေကယ်ဆယ်သုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)