သဲကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

သဲကုန်း မေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နေ့လည် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထိုက် နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ပိုးနှင်းဥနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ အရန်မီးသတ်ဒုတပ်ရင်းမှူး ဦးအောင်ဝင်း၊ အရန်မီးသတ်တပ်ခွဲမှူး ဦးရဲမင်းစိုးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ် (၅) ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်ပရိတ်သတ် အပေါင်းတို့သည် သီတဂူတပ်အလယ်ကျောင်းတိုက်ဆရာတော် ဆရာတော်ဦးနန္ဒမာလာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

ကိုကျော်(ပြန်/ ဆက်)