ဟိုင်းကြီးကျွန်းမြို့၌ "ပန်းခင်းစီမံချက်(၃)"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ဟိုင်းကြီးကျွန်း မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးပျောက်ဆုံးခြင်းနှင့် အသစ်ပြုလုပ်ခြင်းအား နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ e-ID အိမ်ထောင်စုဖြည့်သွင်းခြင်း၊ Biometric Data ကောက်ယူ၍ (UID) နံပတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၀၈း၀၀)နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့ချောင်းဝကျေးရွာအုပ်စု၊ ဓမ္မဒါရီကျောင်းတိုက်ခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ငပုတောမြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီးပျောက်ဆုံးနှင့် အသစ်ပြုလုပ်ခြင်းအား နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ e-ID အိမ်ထောင်စုဖြည့်သွင်းခြင်း၊ Biometric Data ကောက်ယူ၍ (UID) နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများအား  သတ်မှတ်ချက်နှင့်အညီ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီး မှတ်ပုံတင်ကဒ်ပြားများအား ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းအား ဟိုင်းကြီးကျွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း၊ ပြန်/ဆက်)