ကန့်ဘလူ မေ ၄
ယနေ့ခေတ်လူငယ်အချို့သည် ရုန့်ရင်းကြမ်းတမ်းသော စကားများကို ရေးသားပြောဆိုလာကြောင်း၊ မိမိ၏ကိုယ်အမူအရာ၊ နှုတ်အမူအရာသည် မိဘ၊ဆွေမျိုးတို့၏ ဂုဏ်သိက္ခာကို သက်ရောက်စေကြောင်းနှင့်ချိုသာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရေးအတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၉ နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်ကြည်ဆန်းက ၂၀၂၃ ခုနှစ်ထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်အတွဲ(၅၀)၊ အမှတ်(၉)စာအုပ်မှ မောင်ဒီပ(ပညာရေး) ရေးသားသည် “မှန်ကန်ယဥ်ကျေးချိုသာအေးဆိုရေးတတ်ပါစေ” ဆောင်းပါးပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသော စာပေဝါသနာရှင်လူငယ်များက ဆောင်းပါး၏ဆိုလိုချက်များအား မိမိတို့၏အတွေးအမြင် ယူဆချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)