ပခုက္ကူ မေ ၄
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီက ပခုက္ကူမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ စုပေါင်း၍ သွေးလှူဒါန်းကြသည်။
ထိုသို့သွေးလှူဒါန်းရာတွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး ကြက်ဥ၊ အချိုရည်၊ အားဆေးနှင့် အခြားဖြည့်စွက်စာများကို သွေးလှူရှင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)