ပခုက္ကူ မေ ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းတာဝန်ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး ဒေါ်လှဌေးမြင့်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းရည်မှန်းချက် အပေါ်အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်နှင့်တာဝန်ရှိသူများက မြို့နယ်အတွင်း လယ်ယာ၊ သားငါး၊ ဆောက်လုပ်မှု၊ သစ်တောနှင့် လျှပ်စစ်ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့်ဌာနဆိုင်ရာတာဝန်ရှိသူများထံ ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းတာဝန်များ ပေးအပ်ကြသည်။
ပခုက္ကူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘတ်ဂျက် ၈၄၁၄. ၄၂၆ ကျပ်သန်းဖြင့် လုပ်ငန်းပေါင်း ၄၃ ခုနှင့် တိုင်းဒေသကြီးဘတ်ဂျက် ၂၀၉၆.၆၀၇ ကျပ်သန်းဖြင့် လုပ်ငန်းပေါင်း ၉၄ ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။
ဘာမီသာ(ပခုက္ကူ)