ကော့သောင်း မေ ၄
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကော့သောင်းခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်းကို မေလ (၂)ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှုဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှုဒါန်းခြင်းဆောင်ရွက်ရာတွင် ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးသူရဝင်းဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ကြက်ဥဆယ်လုံး၊ Royal D အချိုရည်များအား ခရိုင်မီးသတ်ဦးစီးမှူးမှ ပေးအပ်ခဲ့ပြီး မေလ(၃)ရက်နေ့တွင် အဏ္ဏဝါရပ်ကွက် မြို့လယ်ဘုန်းကြီးကျောင်းတွင် ဆရာတော်ထံမှ ငါးပါးသီလခံယူ၍ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် ဆွမ်းခဲဖွယ်ဘောဇဉ်တို့အား ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)