သာပေါင်းမြို့နယ်၌ တောဆင်နင်းခံသေဆုံးသူတစ်ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်

သာပေါင်း မေ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျွန်းလျှားကြီးကျေးရွာအုပ်စုတွင် တောဆင်နင်းခံသေဆုံးသူတစ်ဦးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးရန်ပုံငွေကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထူးခြားဘေးသင့်သူနှင့်သက်ဆိုင်ရာ ကျွန်းလျှားကြီးကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခိုင်ခိုင်ဝင်းနှင့်ဝန်ထမ်းများမှ ကျွန်းလျှားကြီးကျေးရွာအုပ်စု၊ အိမ်ဆိုးချောင်းလမ်းမကြီးအနီး(ဒေသအခေါ်)တွင်(၂၈-၄-၂၀၂၄)ရက်နေ့၌ ဖြစ်ပွားခဲ့သော ထူးခြားဘေးတောဆင်နင်းခံရ၍ သေဆုံးသူ(၁)ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ညောင်ချင်ကုန်းကျေးရွာ၊ စောလွယ်ထူး(၄၁/၂၄)ကျလမ်းလုပ်ကိုင်သူအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀ဝိ/-) ကျပ်ကို ဘေးသင့်နေထိုင်ရာ ကျွန်းလျှားကြီးကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်အရောက် ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)