နတ်တလင်း မေ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM (Myanmar Electronic Voting Machine-MEVM) အသုံးပြုရန် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မေ ၃ရက် နံနက် ၉ နာရီက မြို့မရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရွှေလင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေဦးစွာ နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်မှ အမှာစကားပြောကြားပြီး ပြည်ခရိုင် ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေနော်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ၊ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၀ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း ၃၄၄ဦး တက်ရောက်၍ ကိုယ်တိုင်လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အကြံပြုပြောကြားခြင်းများအား တာဝန်ရှိသူများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(နတ်တလင်း)