စေတုတ္တရာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

စေတုတ္တရာ မေ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီက ကြီးမှူး၍ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြိုနယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်မှာစကားပြောကြားရာတွင် လုပ်ငန်းမျာအကောင်အထည်ဖော်ရာတွင် စံချိန်စံညွန်းပြည့်မီစွာ အရည်အသွေးကောင်းမွန်စွာဖြင့် ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်မှုများအား လစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာဌာနသို့ တင်ပြကြရန်နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များထံသို့ အဆိုပါဒေသန္တရစီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက်၊ ဌာနအလိုက် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါတာဝန်ပေးအပ်ခြင်းအတွက် ၂၀၂၄-၀၂၅ ဘဏ္ဍာနှစ်စီမံကိန်းရည်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်မည်လုပ်ငန်းများအား ဌာနဆိုင်ရာများအနေဖြင့် မိမိဌာန၏စီမံကိန်းရည်မှန်းချက်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံ​ကိန်းရေးဆွဲအကာင်ထည်​ဖော်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် ကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မည့် ဌာနတာဝန်ရှိသူများ၊ အဖွဲ့အစည်းတာဝန်ရှိသူများထံ ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးများတက်ရောက်၍ စေတုတ္တရာမြို့နယ်၌ ပြည်ထောင်စု/တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းလုပ်ငန်း (၃၄)ခုရှိကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)