ဟင်္သာတမြို့နယ်မှ ၂၀၂၄ ခုနှစ်၊ လူရည်ချွန်မောင်မယ်များ ကြိုဆိုဂုဏ်ပြု

ဟင်္သာတ မေ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်မှ ၂၀၂၄ ခုနှစ် ဒွါဒသမတန်း လူရည်ချွန်စခန်း (ချောင်းသာ)၊ ဧကဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်)၊ ဒသမတန်း လူရည်ချွန်စခန်း (တောင်ကြီး)၊ နဝမတန်းလူရည်ချွန်စခန်း(ပုဂံ)တို့မှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန် မောင်မယ်(၆)ဦးအား ယမန်နေ့က တာဝန်ရှိသူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

၂၀၂၄ ခုနှစ်အတွက် ဟင်္သာတမြို့နယ်မှ ကြယ်တံခွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မရွှေရည်ဝင့်ဝါ (နှစ်ထပ်ကွမ်း)၊ မဖူးဟေသာဖြိုး(နှစ်ထပ်ကွမ်း)၊ အ.ထ.က(၃)ကျောင်းမှ မဝင်းစုဟန်၊ မောင်ထွန်းပြည့်လျှံဝေ၊ ဂုဏ်ထူးပန်းခင်း ကိုယ်ပိုင်အထက်တန်း ကျောင်းမှ စကမ္ဘာပိုင်ဆိုင်၊ မသွန်းအိမ်စည်တို့အား ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်နှင်းယုနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ရပ်မိရပ်ဖများက ဂုဏ်ပြုပန်းစည်းများဖြင့် လည်းကောင်း၊ အောင်စံပယ်ပန်းကုံးများဖြင့် ကြိုဆိုခဲ့ကြပြီး ဟင်္သာတမြို့အတွင်း စီတန်းလှည့်လည်၍ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)