စစ်ကိုင်း မေ ၃
စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ခရိုင်အတွင်း ဆီးထွက်သီးနှံအထူးဇုန်အတွက် မျိုးကောင်း၊ မျိုးသန့်ထောက်ပံ့ခြင်းနှင့် တောင်သူပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က သက်ဆိုင်ရာ ဌာနအနေ ဖြင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ဆီထွက်သီးနှံအထူးဇုန်များအတွက် မျိုးကောင်း၊ မျိုးသန့်များထောက်ပံ့ပေးခြင်းနှင့် တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်ပေးရာတွင် တက်ရောက်လာကြသည့် ဆီထွက်သီးနှံစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် စိတ်ဝင်စားစွာလေ့ လာမှတ်သားကာ လက်တွေ့စိုက်ပျိုးဆောင်ရွက်သွာကြစေလိုကြောင်းနှင့် နှမ်းအထွက်နှုန်းအမြင့် ဆုံးရရှိရန်လိုက်နာရမည့်အချက်များ၊ သီးနှံကာကွယ်ရေးလုပ်ငန်းများ၊ ဓာတ်မြေဩဇာထည့်သွင်း ခြင်းလုပ်ငန်းများကို ဆွေးနွေးပြောကြားကာ အဖွဲ့ဝင်(၂) ဦးတိုးဝေက လုပ်ငန်းလမ်းညွှန်မှုများ ဆွေးနွေးပေးခဲ့ကာ စစ်ကိုင်းခရိုင်ဆီထွက်သီးနှံအထူးဇုန်တာဝန်ခံ၊ ဦးဝင်းသိန်းက ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်ကောင်းမွန်စွာရရှိရေး၊ ပန်းတိုင်းအထွက်နှုန်းကျော်လွန်ရရှိစေပြီး ပြည်တွင်းစား သုံးမှု ဖူလုံရန်အတွက် တစ်နိုင်ငံလုံး ဆီထွက်သီးနှံအထူးဇုန်များနှင့် အတူ ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက တက်ရောက်လာကြသည့် ကျေးရွာတောင်သူများအား သိပ္ပံနှမ်းနက်၊ မကွေးနှမ်းနက် ၂/၂၄၊ ဆင်းရတ နာ-၃ မျိုးစေ့များကို အသီးသီးပေးအပ်ခဲ့ကြပြီး စစ်ကိုင်းခရိုင်အနေဖြင့် ဆီထွက်သီးနှံဧက (၁၃၁၃၇၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇော်မြင့်နိုင်