နတ်တလင်း မေ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ သာဇီရပ်ကွက်၊ ပိတောက်ရွှေဝါ(၁)လမ်း၌ ယမန်နေ့ ၆ နာရီ ၃၀ မိနစ်ခန့်က မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ နတ်တလင်းမြို့နယ်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးတင်ဦးလတ်နှင့်တပ်ဖွဲ့ဝင်(၁၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅) ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြရာ ၆ နာရီ ၄၆ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(နတ်တလင်း)